စိုက်ပျိုးရေး ကဏ္ဍအတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏
မိုဘိုင်း အပလီကေးရှင်း
Play Store နှင့် App Store တွင်ရယူ အသုံးပြုနိုင်ပါပြီ
အသင်း၏ အမှတ်တံဆိပ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း၏ အမှတ်တံဆိပ် တွင် ပျားအုံနှင့် ပျားများကို ဖော်ပြထားခြင်း၏ အဓိပ္ပာယ်မှာ အသင်းကို စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်များမှ “ဥစ္စာရှာ ပမာ ပျား သို့” ဆိုသည့် ဆိုရိုးစကားကဲ့သို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ လုပ်ငန်းများကို ရောင်းဝယ်ဖောက်ကား ဆောင်ရွက်သည့် ကုန်သည်များ အနေဖြင့် မိမိ၏ အကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ် လုပ်သည်မှသည် ပြည်ပတင်ပို့သည်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဆက်စပ်ပါဝင်နေသည့် သူများ အားလုံး၏ အကျိုးစီးပွားကိုလည်း အောင်မြင်ဖြစ်ထွန်းစေသည့်ပုံစံကို ပျားများ ပန်းဝတ်ရည်ကို စုတ်ယူ၍ ပျားအုံကို တစ်နေ့တစ်ခြား ကြီးထွားလာအောင် တည်ဆောက်နိုင်သကဲ့သို့ ဝတ်ရည်စုတ်ယူခံရသည့် သီးနှံ ပန်းမာန်များမှာလည်း ဝတ်မှုန်ကူးကာ အသီးအနှံများအားလုံး အောင်မြင်ဖြစ်ထွန်းခဲ့သည့် သက်သေ သာဓကနှင့် တင်စားကာ မိမိနှင့် မိမိပတ်ဝန်းကျင် အားလုံးကို တပြိုင်နက် အကျိုးဖြစ်ထွန်းစေခြင်းကို ရည်ရွယ်၍ အမှတ်တံဆိပ် တွင် ပျားအုံနှင့် ပျားများကို ပုံဖော်ပြထားခြင်းဖြစ်ပါသည်။
MPBMSMA အကြောင်း
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း (MPBMSMA) ကို ပြည်တွင်းထုတ်လုပ်သူများ၊ ပြည်တွင်းကုန်သည်များ၊ တင်ပို့ရောင်းချသူများနှင့် ပြည်ပဝယ်လက်များ မျှတသောအကျိုးအမြတ်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံနှင့် နှမ်းစေ့တင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံများထဲတွင် ဒုတိယအများဆုံးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးဖြစ်သည်။
၂၀၂၂-၂၀၂၄ သက်တမ်းအတွက် အသင်းဝင်များမှ ရွေးချယ်တင်မြှောက်ထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ပဲမျိုးစုံ၊ ပဲနှင့် နှမ်းနှင့် ပဲမျိုးစေ့များ တင်ပို့ရောင်းချခြင်းအပါအဝင် ပဲမျိုးစုံနှင့် စပ်လျဉ်းသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ နှမ်းစေ့များကို မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဒေသများမှ ပြည်ပနိုင်ငံများသို့ တင်ပို့သည်။
ကျွန်ုပ်တို့နှင့် နှစ်အတော်ကြာ ထူးထူးခြားခြား စီးပွားရေး ဆက်ဆံရေးတွင် ရှိခဲ့သော ကျွန်ုပ်တို့၏ ပုံမှန်ဖောက်သည်များနှင့် ဖောက်သည်သစ်များအားလုံးကို ကျွန်ုပ်တို့ နွေးထွေးစွာ ကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် သင့်အား လိုအပ်သောအကူအညီနှင့် အထောက်အပံ့များပေးရန် ကောင်းစွာပြင်ဆင်ထားပါသည်။
အမေးများသောမေးခွန်းများ
ပြည်တွင်းထုတ်လုပ်သူများ၊ ပြည်တွင်းကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားဝယ်သူများအတွက် တရားမျှတသောအကျိုးခံစားခွင့်များရရှိစေရန် အဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးပါသည်။
ပဲနှင့် အစေ့အဆန်များ တင်ပို့မှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်များအနက် ဒုတိယအများဆုံးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။
ကျွန်ုပ်တို့နှင့် နှစ်အတော်ကြာ ထူးထူးခြားခြား စီးပွားရေး ဆက်ဆံရေးတွင် ရှိခဲ့သော ကျွန်ုပ်တို့၏ ပုံမှန်ဖောက်သည်များ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုပါသည်။
ထုတ်ကုန်များ
ဥက္ကဋ္ဌ အမှာစကား
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း (MPBMSMA) ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်မျှ သက်တမ်းရှည်ကြာခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်တို့အသင်းကို ကုန်သည်များဖြင့်သာ ဖွဲ့စည်းထားသော်လည်း ကျွန်တော်တို့၏ ပင်မရည်ရွယ် ချက်မှာ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးထုတ်လုပ်သည်မှ စတင် ၍ စားသုံးသူလက်ဝယ် ရောက်ရှိသည်အထိ တန်ဘိုးကွင်းဆက် တစ်လျောက်လုံး ပါဝင်ဆောင်ရွက်နေသူ များအားလုံး၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ရန် ဖြစ်ပါသည်။
မြန်မာ့ပဲမျိုးစုံကို ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ သိသိသာသာ တိုးချဲ့ စိုက်ပျိုးထုတ်လုပ် တင်ပို့လာခဲ့ရာ ၂၀၂၀ ခုနှစ် ကမ္ဘာ့ကုန်သွယ်မှုစာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲမျိုးစုံ တင်ပို့သည့် နိုင်ငံများတွင် တတိယမြောက် အများဆုံး တင်ပို့သည့် နိုင်ငံအဆင့်တွင် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။ အလားတူပင် အစေ့ထုတ်ပြောင်းနှင့် နှမ်း တင်ပို့မှုများ၌လည်း တိုးတက်မှုများ ရရှိလျက် ရှိပါသည်။
ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကဏ္ဍများ၏ ရရှိပြီးသော ဖွံ့ဖြိုးတိုးတက်မှုများကို ရေရှည်တည်တံ့စွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ ဝင်ငွေတိုးတက်စေရေး ကို တိုးမြှင့်အထောက်အကူပေးနိုင်ရေးအတွက်လည်းကောင်း၊ အသင်းသားများ၏ စွမ်းဆောင်ရည်များ ပိုမို မြင့်မားတိုးတက်ရေးအတွက်လည်းကောင်း ကျွန်တော်တို့ကို အကြံဉာဏ်ကောင်းများ ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ကျွန်တော်နှင့်တကွ ၂၀၂၂-၂၀၂၄ ခုနှစ် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ထားခြင်းခံရသော အသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် အမှုဆောင်ကော်မတီဝင်များအနေဖြင့် မိတ် ဆွေသစ်၊ မိတ်ဆွေဟောင်းများ အားလုံးကို ဤစာမျက်နှာမှ နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။
—
ဦးထွန်းလွင်
ဥက္ကဋ္ဌ