ကမ္ဘာ့ပဲမျိုးစုံနေ့အခမ်းအနား ၂၀၂၃၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်

၂၀၂၃ ခုနှစ် ကမ္ဘာ့ပဲမျိူးစုံနေ့ အခမ်းအနားကို ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က ရန်ကုန်မြို့၊ အလုံလမ်း၊ The Coriander Leaf စားသောက်ဆိုင် ခန်းမ၌ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း (MPBMSMA)၊ အိန္ဒိယ-မြန်မာ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (IMCC) နှင့် Overseas Agro Traders Association (OATA) Myanmar တို့ ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်ရာ အိန္ဒိယ နှင့် နီပေါနိုင်ငံ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များ၊ စီစဉ်ကျင်းပသည့် အသင်းများမှ အသင်းသား လုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်ကြသည်။

အခမ်းအနားတွင် MPBMSMA ဥက္ကဋ္ဌ ဦးထွန်းလွင်၊ IMCC ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya ၊ OATA ဥက္ကဋ္ဌ Mr. Shyam Narsaria နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar တို့က ဂုဏ်ပြုအမှတ်တရ စကားများ အသီးသီး ပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိနိုင်မည့် ခန့်မှန်းအခြေအနေများနှင့် ဈေးကွက်အလား အလာများကို ဆွေးနွေးတင်ပြကြရာ MPBMSMA အတွင်း‌ရေးမှူး ဦးမင်းကိုဦးနှင့် Mr. Anant Chhajed (Swiss Singapore Overseas Ent Pte Ltd) တို့က မတ်ပဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ MPBMSMA တွဲဖက်ဘဏ္ဍာရေးမှူး ဦးဇော်မျိုးမင်းနှင့် Mr. Sanjay Jain (TATA Intl Singapore Pte Ltd) တို့က ပဲစဉ်းငုံနှင့် စပ်လျဉ်း၍လည်းကောင်း၊ MPBMSMA တွဲဖက်အတွင်းရေးမှူး-၃ ဦးကျော်ဝင်းနှင့် Mr. Vatsal Lilani (Ever Top Commodities) တို့က ပဲတီစိမ်းနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ကမ္ဘာ့ပဲမျိုးစုံနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ကုလားပဲခွဲခြမ်း (၅ ကီလိုအိတ်) စုစုပေါင်း အိတ် (၁၀၀၀) ကို ပရိယတ္တိစာသင်တိုက်၊ သီလရှင်စာသင်တိုက်နှင့် ပရဟိတအဖွဲ့များသို့ ပေးအပ် လှူ ဒါန်းကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

၂၀၁၉ ခုနှစ်မှ စတင်၍ ကမ္ဘာ့ပဲမျိုးစုံနေ့ အခမ်းအနားများကို နှစ်စဉ် ကမ္ဘာ့နိုင်ငံများစွာ၌ ကျင်းပ ပြုလုပ် လျှက်ရှိကြရာ ယခုနှစ် ကမ္ဘာ့ပဲမျိုးစုံနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ “Pulses for a Sustainable Future” ဖြစ်သည်။

ကမ္ဘာ့ပဲမျိုးစုံနေ့အခမ်းအနား ၂၀၂၃ - ပြခန်းFebruary 10, 2023