အသင်းဝင် အကျိုးကျေးဇူးများ

အသင်းဝင်ထားသော အသင်းသားများအနေဖြင့်

  • ကုန်စည်များ ပြည်ပသို့ တင်ပို့ရာတွင်လိုအပ်သည့် ပင်းရင်းနိုင်ငံသက်သေခံလက်မှတ်( Country of Origin ) လက်မှတ်ထုတ်ယူနိုင်ခြင်း။
  • Export/Import လိုင်စင် လျှောက်ထားရာတွင် အဆင်ပြေချောမွေ့ခြင်း။
  • သက်ဆိုင်ရာဌာန အသီးသီးမှကြေငြာချက်များအား အချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း။
  • နေ့စဉ် ကုန်စည်ဒိုင် စျေးကွက် ပေါက်စျေးများအား သိရှိနိုင်ခြင်း။
  • နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ခြင်း။
  • အသင်း (အသင်းမှတစ်ဆင့်) က ဖိတ်ကြားထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနား များသို့ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်နှင့် အကြံပေးနိုင်ခွင့်ရှိသည်။
  • အသင်းက စီစဉ်သော (ဖိတ်ကြားခံရသော) ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများ၊ အခမ်းအနားများ စသည်တို့တွင် ပါဝင်တက်ရောက်ဆည်းပူး လေ့လာခွင့် ရှိသည်။
  • အသင်းက စီစဉ်ပြုစုထားသော (သို့) ဖြန့်ဝေသော သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို လက်ခံရယူနိုင်ခွင့် နှင့် ဝန်ဆောင်မှုများကို ခံစားခွင့်ရှိသည်။
  • အသင်း၏ လုပ်ငန်းဆောင်တာများ ပိုမိုတိုးတက်ရေးကိုရှေးရှု၍ အပြုသဘောဆောင်သည့် အကြံပြုချက်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိသည်။
  • အသင်းသားများ၏ အခက်အခဲကို သက်ဆိုင်ရာကော်မတီသို့ တင်ပြဆွေးနွေးခွင့်ရှိသည်။
  • အသင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် ဖိတ်ကြား ချက်အရဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့်မဲဆန္ဒပေးခွင့်ရှိသည်။
  • အသင်း၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ လုပ်ငန်း ကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိသည်။
  • အသင်းသားတစ်ဦးသည် သာမန်အားဖြင့် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲ တစ်မဲပေးခွင့်ရှိသည်။

MPBMSMA ၏ အသင်းသားအဖြစ် လျှောက်ထားလိုလျှင်လမ်းညွှန်ချက်ကို ဦးစွာဖတ်ပေးရန်

ဆက်သွယ်ရန်

အသင်းဝင်ခြင်းနှင့်ပတ်သက်သည့်အချက်အလက်များအတွက် မေးမြန်းရန် အောက်ပါ အသေးစိတ်အချက်အလက်များကိုဖြည့်စွက်ပေးပို့ရုံဖြင့် ကျွန်ုပ်တို့ထံမကြာမီ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။


    ဤနေရာတွင် ဖြည့်သွင်းပေးပို့ပါ