ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း (MPBMSMA)၊ Overseas Agro Traders Association (OATA) Myanmar နှင့် India-Myanmar Chamber of Commerce (IMCC) တို့မှ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပဲမျိုးစုံနေ့ အခမ်းအနားအား UMFCCI အသင်းချုပ်၊ မင်္ဂလာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ UMFCCI အသင်းချူပ် ၊ MPBMSMA ၊ OATA ၊ IMCC နှင့် ညီနောင် အသင်းတို့မှ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ နီပေါနိုင်ငံ သံအမတ်ကြီး၊ အိန္ဒိယနိုင်ငံ Deputy Head of Mission ၊ မလေးရှားနိုင်ငံ Head of Mission ၊ ပြည်တွင်းပြည်ပမှ ကုန်သည်ကြီးများ ၊ ဘဏ်များ၊ သင်္ဘောလိုင်းများ နှင့် ကုန်ပစ္စည်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များ စုစုပေါင်း (၂၀၀)ဦး ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား ဆီမီးထွန်း၍ ဖွင့်လှစ်ကာ နှုတ်ခွန်းဆက် စကားများ ပြောကြားကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ပဲမျိုးစုံဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။