ဖော်ပြချက်

ဗိုလ်ကိတ်ပဲကို အင်္ဂလိပ်ဘာသာဖြင့် Cowpea, Bocate ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Vigna unguiculata ဖြစ်သည်။ အင်္ဂလိပ်အမည်၊ ရုက္ခဗေဒအမည်များမှာ ပဲလွမ်းနှင့်တူသော်လည်း အသွင်အပြင်၊ ချက်အရောင်အဆင်း စသည်တို့မှာ ကွဲပြားခြားနားသည်။ HS Code မှာ 0708.20.90.20 ဖြစ်သည်။

ဗိုလ်ကိတ်ပဲမှာ မြန်မာ့ပဲမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးကျောင်းကို ပျဉ်းမနားမြို့တွင် စတင် တည်ထောင်ခဲ့သူ Mr. Brayton Case က အမေရိကန်ပြည်ထောင်စုမှ ယူဆောင် ဖြန့်ဖြူးခဲ့သည့် ပဲမျိုးဖြစ်သည်ဟု သိရှိရသည်။ ၄င်းဖြန့်ဖြူးခဲ့သည့် တိရိစ္ဆာမျိုးများတွင်လည်း ဗိုလ်ကိတ်ဝက်မျိုးမှာ ထင်ရှားသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ကိတ်ပဲ အများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးမှာ ဧရာဝတီဖြစ်ပြီး ပဲခူး၊ ကရင် နှင့် ရခိုင် တိုင်းဒေသကြီး/ပြည်နယ်များမှလည်း အများအပြား စိုက်ပျိုးထွက်ရှိသည်။ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးသည့် ပဲမျိုးစုံသီးနှံများတွင် ဗိုလ်ကိတ်ပဲ ဧရိယာမှာ အများဆုံးဖြစ်ပြီး ၅၂ ရာခိုင်နှုန်းခန့်အထိ ပါဝင်သည်ကို တွေ့ရသည်။

ရှေးယခင်အခါက ဗိုလ်ကိတ်ပဲ မိုးစိုက်ဧကများ ရှိခဲ့သော်လည်း ယခုအခါ ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးလျှက် ရှိသည်။ လက်ရှိ စိုက်ဧက စုစုပေါင်း ၃ သိန်းခန့်ရှိပြီး တင်း ၄.၈ သန်းခန့် (တန်ချိန် ၁.၆ သိန်းခန့်) ထွက်ရှိသည်။

၂၀၂၂-၂၃ ခုနှစ် မြန်မာ့ဗိုလ်ကိတ်ပဲ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂ သောင်းကျော် ရှိပြီး တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၆ သန်းခန့် ရှိသည်။

သတ်မှတ်ချက်များ

မြန်မာ့ဗိုလ်ကိတ်ပဲ FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၃.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၀.၅၀%(အများဆုံး)
(င) အကျိုးအကြေ ၁.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား?