MPBSMA Office

World Pulses Day 2024 အထိမ်းအမှတ်အလှူ

၁၀-၂-၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် World Pulses Day 2024 အထိမ်းအမှတ်အလှူဒါန အဖြစ်
– မိဘမဲ့ကလေး (၁၄၀) ကျော် ပြုစုစောင့်‌ရှောက်လျက်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ် မြိုင်သီလရှင်စာသင်တိုက်နှင့် သီလရှင်ပညာ ရေးကျောင်း သို့ ကုလားပဲခြမ်း ပိဿာ(၃၀၀)
– မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိဿဟာရ (ခဝဲခြံမျက်မမြင်ကျောင်း)၊ အင်းစိန်မြို့နယ်သို့ ကုလားပဲခြမ်း ပိဿာ(၃၀၀)
– ဒေါပုံမြို့နယ်ရှိ နွယ်အေး ဆွန္နီဂျာမေဗလီ အကျိုးတော်ဆောင်အဖွဲ့သို့ ကုလားပဲခြမ်း ပိဿာ(၃၀၀)
– ပုဇွန်တောင်မြို့နယ်ရှိ စရီ ဝါရသရာဂျာ ပေရူမာလ် ဘုရားကျောင်း ဂေါပက အဖွဲ့ သို့ ပဲစဉ်းငုံခွဲခြမ်း (၁၅၀) ပိဿာ
– လမ်းမတော်မြို့နယ်ရှိ ဟိန္ဒူဓမ္မသာလာ(ရန်ကုန်) သို့ ပဲစဉ်းငုံခွဲခြမ်း (၁၀၅) ပိဿာ
– ကန်တော်ကလေးမြို့နယ်ရှိ ရှရီဟာနုမာန် ဘုရားရှိခိုးကျောင်း ဂေါပကအဖွဲ့ သို့ ပဲစဉ်းငုံခွဲခြမ်း (၄၅) ပိဿာ
စုစုပေါင်းကုလားပဲခွဲခြမ်း ပိဿာ (၉၀၀)၊ ပဲစဉ်းငုံခွဲခြမ်း ပိဿာ (၃၀၀) တန်ဖိုး ကျပ် ၈,၇၀၀,၀၀၀/- ဝန်းကျင်အား မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ လှူဒါန်းခဲ့ပါသည်။