MPBSMA Office

မြန်မာ့ပဲမျိုးစုံတန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံ မိတ်ဆက်အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မတ်လ(၁၄) ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက “မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက် မြှင့်တင်ရေး လမ်းပြ မြေပုံ (၂၀၂၁-၂၀၂၅)” အား မိတ်ဆက်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ စိုက်ပျိုးရေးပညာနှင့် သုတေသနဌာန (SEARCA) မှ ညွှန်ကြား ရေးမှူး Dr. Glenn B. Gregorio နှင့် စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။

ထို့နောက် အစီအစဉ် ကြေညာသူက မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက် မြှင့်တင်ရေး လမ်းပြမြေပုံအား စတင်ကြောင်း ကြေညာပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်တို့က လမ်းပြမြေပုံများကို SEARCA ၊ သက်ဆိုင်ရာ လုပ်ငန်းဌာနများနှင့် ရေးသားပြုစုသူများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် အခမ်းအနား ပြီးဆုံးခဲ့သည်။

မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက် မြှင့်တင်ရေး လမ်းပြမြေပုံကို စီမံကိန်းဦးစီးဌာနနှင့် IFAD ၊ IFPRI ၊ SEARCA တို့ ပူးပေါင်းဆောင်ရွက်သည့် “အာဆီယံဒေသအတွင်း စိုက်ပျိုးရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ ရေးနှင့် ဈေးကွက်ပေါင်းစည်းရေး စီမံကိန်း (ATMI)” အကူအညီဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။