ဖော်ပြချက်

ပဲကျား၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ပဲကျား
(ခ) ဒေသအခေါ်အဝေါ်  – ပဲကျား၊ ဗိုလ်စားပဲ၊ ပဲပြားကလေး
(ဂ) အင်္ဂလိပ်အမည် – LIMA BEAN, MYANMAR STRIPE BEAN
(ဃ) ရုက္ခဗေဒအမည် – PHASEOLUS LUNATUS.L, PHASEOLUS INAMOENUS

အသေးစိတ်ဖော်ပြချက်

ပဲကျားသည် အဖြူရောင်၊ အနီစင်းများနှင့်အပြောက်အစက်များရှိ၍ လှပနှစ်သက်စဖွယ် ဖြစ်ပါသည်။ ပဲကျားသည် ဝိုင်းပြားသည့်ပုံသဏ္ဍာန်နှင့် ဖောင်းကြွသည့်အနေအထားမျိုးရှိပြီး အလျား (၁.ဝ) စင်တီမီတာ၊ အနံ (ဝ.ဝ၃) စင်တီမီတာနှင့် ထု (၁.၅၄) စင်တီမီတာ အရွယ်အစားရှိပါသည်။

ဘိုကိတ်ပဲ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ဘိုကိတ်ပဲ
(ခ) ဒေသအခေါ်အဝေါ် – ဘိုကိတ်ပဲ၊ သိပ္ပံပဲ၊ မယ်သီလံ
(ဂ) အင်္ဂလိပ်အမည် – COW PEA, BOCATE
(ဃ) ရုက္ခဗေဒအမည် – VIGNA UNGUICULATA

အသီး၏ပုံသဏ္ဍာန်မှာ အတန်အသင့်ပြား၍ ရှည်လျားမှုရှိသည့်အတွက် ထောပတ်ပဲနှင့် ပဲဖြူကလေး အသီးကဲ့သို့ဖြစ်ပါသည်။ အသီး၏အရောင်မှာ သီးနှံအချိန်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့် သည့်အချိန်တွင် ကြက်ဥခွံအရောင်ကဲ့သို့ ဝါခြောက်သည့်အရောင်အဆင်းသို့ ပြောင်းလဲသွားပါသည်။ အတောင့်၏အဖျားပိုင်းတွင် အနည်းငယ်ချွန်ပြီး အစေ့၏အညှောင့်တည်ရာ အရင်းဘက်တွင် ထူထပ်မှု ရှိပါသည်။ သီးတောင့်များပွင့်ထွက်ရာဘက်တွင် ပါးလွှာမှုရှိ၍ ရင့်မှည့်ခြောက်သွေ့သည့်အခါ၌ သီးတောင့်နှုတ်ခမ်းများကွဲပေါက်၍ အစေ့များသီးတောင့်အပြင်သို့ အလွယ်တကူ ထွက်လာပါသည်။ ကိုင်းမွှားတစ်ခုတွင် သီးတောင့် (၄) တောင့်မှ (၇) တောင့်ခန့်အထိ ထွက်ရှိတတ်ပါသည်။

ပဲကျားကို မိုးလယ်နှင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည့်အလျောက် မိုးအနည်းငယ်ရရှိရုံနှင့် အအေးဓါတ်ရရှိနိုင်မှုပေါ်တွင် မှုတည်၍ သီးနှံဖြစ်ထွန်းနိုင်ပါသည်။ ယာမြေနှင့် ကျွန်းမြေကောင်းမွန်မှု အရ အထွက်နှုန်းတိုးပါသည်။

ပဲကျားကို အထက်မြန်မာနိုင်ငံရှိ ယာမြေများတွင် စက်တင်ဘာလမှ နိုဝင်ဘာလ၊ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပြီး ကျွန်းမြေများတွင် နိုဝင်ဘာလမှ စတင်စိုက်ပျိုးနိုင်ပါသည်။ ပဲကျား စိုက်ပျိုးရာတွင် မြေအနေအထားအရ ပက်ကြဲ၍လည်း စိုက်ပျိုးနိုင်ပါသည်။ ပဲကျားကို အချို့ဒေသများတွင် ပြောင်းဖူးနှင့်ရောညှပ်၍ စိုက်ပျိုးနိုင်သည်။

ပဲကျားကို အချိန်အခါအလိုက် ရိတ်သိမ်းသည့်ရာသီမှာ ဖေဖေါ်ဝါရီနှင့် မတ်လတွင်ဖြစ်သည်။ အချို့ဒေသတွင် ယာမြေပေါ်တွင် စိုက်ပျိုးသဖြင့် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် အချိန်စော၍ ရိတ်သိမ်းနိုင်ပါသည်။ ပဲကျား၏စိုက်ပျိုးဖြစ်ထွန်းမှုကာလမှာ (၅) လ အချိန်အတွင်းဖြစ်ပါသည်။

ပဲကျားသည် ချိုစိမ့်သော အရသာရှိသဖြင့် အပင်ဖောက်၍ စားသုံးခြင်း၊ ချက်ပြုတ်ကြော်လှော် စားသုံးခြင်းပြုကြပါသည်။ အထူးသဖြင့် ပဲကျားကို လုပ်ငန်းရှင်တို့သည် လှော်ပြီးလျှင် ပြည်တွင်းသုံး သွားရေစာအဖြစ် ပဲကျားလှော်ထုပ်များ ပြုလုပ်ကာ လက်လီလက်ကား ရောင်းဝယ်မှုပြုလုပ်ကြပါသည်။ ပဲကျားကို စားသုံးရာ၌ အပေါ်ခွံအလွှာကို ချွတ်၍ စားသုံးခြင်းက ပိုမို၍ ကျန်းမာမှုရှိပါသည်။

ပိုမိုသိရှိလိုပါသလား?