ဖော်ပြချက်

ပဲဖြူကလေးကို အင်္ဂလိပ်ဘာသာဖြင့် Duffin Bean, Rangoon White Bean, Lima Bean စသည်ဖြင့် ခေါ်ဆိုကြ ပြီး ရုက္ခဗေဒ အမည်မှာ Phaseolus lunatus ဖြစ်သည်။ HS Code မှာ 0708.20.90.13 ဖြစ်သည်။

ပြည်တွင်းတွင် နှစ်ခြိုက်စွာ စားသုံးကြပြီး ရှေးယခင်ကတည်းပင် မိရိုးဖလာ စိုက်ပျိုးလာသည့် ပဲမျိုးတစ်မျိုးလည်း ဖြစ်သည်။ မှတ်တမ်းများအရ ၁၉၀၀၊ ၁၉၁၀၊ ၁၉၃၀ စသည့် ခုနှစ်များတွင် ပဲစုစုပေါင်း စိုက်ဧရိယာတွင် အများဆုံး စိုက်ပျိုးခဲ့သည့် ပဲအမျိုးအစားမှာ ပဲဖြူကလေး ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ပြင် ပဲမျိုးအမည်နာမအနေဖြင့်လည်း ပဲဖြူကလေးကို “Rangoon White Bean” ဟူ၍ မြို့တော်ရန်ကုန်၏ အမည်ကို ထည့်သွင်း ခေါ်ဆိုရသဖြင့် မြန်မာ့ ထွက်ကုန်ဖြစ်ကြောင်း သိသာထင်ရှားစေသည့် ပဲမျိုးတစ်မျိုး ဖြစ်သည်ကို တွေ့ရှိနိုင်သည်။

ယခုလက်ရှိ၌လည်း မြန်မာနိုင်ငံတွင် ပဲဖြူကလေးကို ပဲခူး၊ ကရင် နှင့် မန္တလေး တိုင်း‌ဒေသကြီး/ပြည်နယ်များ၌ အများဆုံး စိုက်ပျိုးလျက်ရှိရာ မိုးရာသီတွင် ၁ ရာခိုင်နှုန်းသာ စိုက်ပျိုးမှုရှိပြီး ကျန် ၉၉ ရာခိုင်နှုန်းခန့်မှာ ဆောင်း သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိသည်။ စိုက်ဧရိယာအားဖြင့် ဧက စုစုပေါင်း ၃ သောင်းခန့် စိုက်ပျိုးပြီး အထွက်တင်း ပေါင်း ၄ သိန်းကျော် (တန်ချိန် ထောင်ပေါင်း ၁၃ ခန့်) ထွက်ရှိလျက်ရှိသည်။

စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၈-၁၉ ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အထိ တင်ပို့မှုများ ရပ်ဆိုင်းနေခဲ့ ရာမှ ၂၀၂၂-၂၃ ခုနှစ်တွင် ပဲဖြူလေး ၂၈၁ တန်ထိ ပြန်လည် တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၂.၁၄ သိန်း ဝင်ငွေ ရရှိခဲ့သည်ဟု သိရသည်။

ပိုမိုသိရှိလိုပါသလား?