အသိပေးကြေညာချက် ထုတ်ပြန်ခြင်း

MPBSMA Office

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း
အသိပေးကြေငြာချက်

၁။ မတ်ပဲနှင့် ပဲစဉ်းငုံတို့သည် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ု့ည့် ပို့ကုန်စျေးကွက်ရှိပြီး ပဲစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူအများစုနှင့်လည်း အကျွမ်းတဝင်ဖြစ်သော သီးနှံအမျိုးအစားဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် မတ်ပဲနှင့် ပဲစဥ်းငုံများကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၃၁-၃-၂၀၂၄ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုထားသည့်အတွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ၊ ပြည်ပသို့တင်ပို့သည့် လုပ်ငန်းစဥ်တလျှောက် ပါဝင်ဆောင်ရွက်သူများအားလုံး အကျိုးကျေးဇူး ပိုမိုရရှိစေမည်ဖြစ်ပါသည်။

၃။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မတ်ပဲနှင့် ပဲစဥ်းငုံတို့ကို ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် စိုက်ပျိုးရာသီချိန်တွင် အဓိကထား စိုက်ပျိုးသင့်ပါကြောင်းနှင့် ရာသီအမှီ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသင့်ပါကြောင်း အသိပေးအပ်ပါသည်။


မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း