MPBSMA Office

MOCHA Cyclone မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများ လှူဒါန်းခြင်း

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အသင်းဝင်ပို့ကုန် ကုမ္ပဏီများနှင့် ကုန်ဝယ်သူ မိတ်ဖက်များမှ MOCHA Cyclone မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ သာသနိကအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဒေသခံလူနေအိမ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် We Love Rakhine အဖွဲ့အစည်းသို့ ၇ ပေ သွပ်ပြားအချပ်ရေ ၂၀,၀၀၀ နှင့် ဝါရှာကွင်းပါ သွပ်ရိုက်သံ ၇၇၅ ပိဿာ တို့အား ၁၉-၅-၂၀၂၃ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။