MPBSMA Office

(၂၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ(၅း၃၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ နိုဗိုတယ်ရန်ကုန် Max ဟိုတယ်၊ Eureka ကွန်ဖရင့် ခန်းမ၌ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပပြုလုပ်ရာ အထူးဧည့်သည်တော်များနှင့် အသားသားများ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက “၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကာလ အတွင်း အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်း”ကို ဖတ်ကြား အစီရင်ခံ တင်ပြပါသည်။

ထို့နောက် အသင်းဘဏ္ဍာရေးမှူး ဦးသိန်းဝင်းက “၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်း”ကို ဖတ် ကြားတင်ပြ၍ အသင်းသားများ၏ အတည်ပြုချက် ရယူ အတည်ပြုကာ ပြင်ပစာရင်းစစ်ဖြစ်သည့် Thandar Sin Co., Ltd. စာရင်းစစ်အဖွဲ့၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ခိုင်က “စာရင်းစစ်အစီရင်ခံစာ”ကို ဖတ် ကြားတင်ပြသည်။ ဆက်လက်၍ အသင်း၏ ပြင်ပစာရင်းစစ်အဖြစ် Thandar Sin Co., Ltd. အား ခန့်အပ် ကြောင်း အသိပေးချက်ကို အခမ်းအနားမှူးက ကြေညာသည်။

၄င်းနောက် အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံ ကာ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

အစည်းအဝေးသို့ ကြွရောက်ချီးမြှင့်သည့် အထူးဧည့်သည်တော်များ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်ထွဋ်ဦးနှင့် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (ငြိမ်း) ဦးအောင်စိုးတို့က အသင်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံ ပေးစကားများ ချီးမြှင့်ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှာ ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော အသင်းဖြစ်ပြီး လက်ရှိ အသင်းဝင်အင်အား (၁,၈၆၃)ဦး ရှိသည်။