မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း
အသိပေးကြေငြာချက်

ပဲစဉ်းငုံအား လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်အထိ သက်တမ်းတိုးမြှင့်ခြင်း
အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအထွေထွေ ညွှန်ကြားမှုဦးစီးဌာနက ပဲစဉ်းငုံ (ITC (HS) Code 07136000) အား လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ၂၁-၁-၂၀၂၅ ရက်စွဲ အမိန့်ကြေညာချက်အမှတ် ၅၁/၂၀၂၄-၂၀၂၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။