Thailand Trip

MPBSMA Office 2

၂၀၁၄ ခုနှစ်၊ စက်တင်္ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြု့ိသို့ ကမ္ဘာ့ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေး နှင့် လူမှုရေးကော်မရှင်(UN ESCAP –Economic and Socail Commission for Asia and the Pacific)၏ ရေရှည် တည်တံ့သော စိုက်ပျိုးရေးဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဗဟိုဌာန (CAPSA – Centre for Alleviation of Poverty through Sustainable Agriculture) မှ တောင်အရှေ့ တောင်အာရှဒေသ ရေ ရှည် တည်တံ့သော စိုက်ပျိုးရေး နည်းပညာများ လွှဲပြောင်းပေးရေးနှင့် ဈေး ကွက် ဆက်စပ်မှုများ တိုး

နည်းပညာများ လွှဲပြောင်းပေးရေးနှင့် ဈေးကွက် ဆက်စပ်မှုများ တိုးတက်ရေး ကွန်ယက် (SATNET Asia – Network for Knowledge Transfer on Sustainable Agricul- ture Technologies and Improved Market Linkages in South and South- East Asia) စီမံကိန်း အစီအစဉ်အရ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဖိတ်ကြားချက်အရ အလုပ်ရုံဆွေးနွေးပွဲ (၁)ရက်နှင့် လေ့လာရေးခရီး (၃)ရက်ခရီးစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဘက် ဘဏ္ဍာရေးမှူး တို့နှင့်အတူ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင် တို့ သွားရောက် ခဲ့ကြပါသည်။