National Export Strategy

MPBSMA Office 2

(၂-၂-၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အမှတ် (၄)နတ်မောက်လမ်း Chatrium Hotel ၌ ကျင်းပပြုလုပ်သော အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် ဖွံ့ဖြိုးမှုမိတ်ဘက်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး သို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ ဖိတ်ကြားချက်အရ နိုင်ငံတကာ အဖွဲ့အစည်းများ၊ UN အဖွဲ့အစည်း များ၊ သံရုံးများ၊ NGO များ၊ အစိုးရလုပ်ငန်းဌာနများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ အခြား ဖိတ်ကြားထားသူများ နှင့်အတူ မြန်မာနိုင်ငံ ပဲမျုးိးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အကြံပေး ပုဂ္ဂိုလ် ဦးစိုးဝင်းမောင် တက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ် မှု မြှင့်တင်ရေး ဦးစီးဌာန၏ ဖိတ်ကြားချက်အရ (၃-၉-၁၄) ရက်နေ့ နံနက်(၉း၃၀) နာရီမှ (၁၂း၃၀) နာရီအထိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး စတုတ္ထထပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော အမျိုးသား ပို့ကုန်မဟာဗျူဟာ (NES – National Export Strategy) အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများအား ရှင်းလင်းဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ ပဲမျုးိးစုံနှင့် နှမ်း ကုန်သည်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော ဒေါက်တာ မင်းဇော်၊ ဦးစိုးကြင် တို့နှင့် အတူ အကြံပေး ပုဂ္ဂိုလ် ဦးစိုးဝင်းမောင် တက်ရောက်ခဲ့ပါသည်။

၂.၁၀.၂၀၁၃ ရက်နေ့ မှ ၄.၁၀.၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း အစည်းအဝေးခန်းမတွင် အမျိုးသား ပို့ကုန် မဟာဗျူဟာရေးဆွဲရေးအစီအစဉ်အရ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် အခြားအစိုးရဌာန များမှတာဝန်ရှိသူများ ၊ International Trade Centre မှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံပဲမျုးိးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ကုန်စည်ဒိုင်) မှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ ဦးစိုးဝင်းမောင်က ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ လုပ်ငန်းအဖွဲ့အတွက် တာဝန်ခံညှိနှိုင်းရေးမှူး(Coordinator) အဖြစ်လည်းကောင်း၊ UNDP Consultant ဖြစ်ပြီး International Trade Centre မှ Mr. Charles Roberge မှ Associate Advisor အဖြစ် လည်းကောင်းဆောင်ရွက်ခဲ့ပါသည်။