MPBSMA Donation Shwe Pyi Thar Factory Zone 2,3,4 Q-Center

MPBSMA Office

ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန် (၃) အတွင်းရှိ အမှတ် (၇) အထက်တန်း‌ကျောင်းအား စက်မှုဇုန်သီးသန့် Quarantine Center အဖြစ် တည်ထောင်နိုင်ရန်အတွက် ရွှေပြည်သာ စက်မှုဇုန် (၂၊ ၃၊ ၃) စက်မှုဇုန် ကြီးကြပ်ရေးကော်မတီသို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အသင်းဝင်ပို့ကုန်ကုမ္ပဏီနှင့် အသင်းသားများ (၂၈) ဦးမှ စုစုပေါင်း ကျပ် ၁၅,၈၀၀,၀၀၀/- (ကျပ်တစ်ရာငါးဆယ့်ရှစ်သိန်းတိတိ) အား စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ပါသည်။