MPBSMA 26th Annual General Meeting

MPBSMA Office

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း

(၂၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး (အကျဉ်း)

အခမ်းအနားအစီအစဉ်

 

ကျင်းပသည့် နေ့ရက်       ။           ။           ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၈)ရက် (သောကြာနေ့)

ကျင်းပသည့် အချိန်         ။           ။           မွန်းလွဲ (၂း၀၀) နာရီ

ကျင်းပသည့် ပုံစံ             ။           ။           Zoom Online Meeting

https://zoom.us/j/98330388629

Meeting ID: 983 3038 8629

ပထမပိုင်း

၁။        အခမ်းအနားစတင်ကြောင်း ကြေညာခြင်း။

၂။         အခမ်းအနားမှူးမှ အစည်းအဝေးအစီအစဉ် ဖတ်ကြားတင်ပြခြင်း။

၃။        အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်မှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။

၄။        ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်ဝက် ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူး ဦးသိန်းဝင်းမှ ဖတ်ကြားတင်ပြ၍ အသင်းသားများ၏ အတည်ပြုချက် ရယူခြင်း။

၅။        ဥက္ကဋ္ဌဦးထွန်းလွင်မှ နိဂုံးချုပ်စကား ပြောကြားခြင်း။

၆။        အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခြင်း။

ဒုတိယပိုင်း

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေး

၁။        အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်မှ အဖွင့်အမှာစကား ပြောကြားခြင်း။

၂။         ၁၀-၂-၂၀၂၁ (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်မည့် World Pulses Day အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Oversea Agro Traders Association (OATA) မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ၇-၁၂-၂၀၂၀ နေ့တွင် ဆွေးနွေးချက်အရ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ယူပေးရမည့် အောက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း –

(က)      ပြည်ထောင်စုဝန်ကြီး၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အဖွင့်မိန့်ခွန်း ပြောပေးရန်အတွက် ဖိတ်ကြားပေးရန် (ကမ္ဘာအနှံ့အပြားမှ ကောက်ပဲသီးနှံကုန်သည်ကြီး များ၊ အထူးဧည့်သည်တော်များ တတ်ရောက်မည်ဖြစ်၍ ဖြစ်နိုင်ပါက နိုင်ငံတော်အတိုင်ပင်ခံ ၏ MESSAGES အား VIDEO(သို့)အသံဖိုင်ဖြင့် ချီးမြှင့်ပေးနိုင်ပါက ရယူပေးပါရန်)

(ခ)        သက်သတ်လွတ်ဘုဉ်းပေးသည့် အောက်စဖို့ဒ်ဆရာတော်ကြီးအား ပဲမျိုးစုံစားသုံးခြင်း ဆက်စပ်အကျိုးတရားအား ဟောကြားပေးနိုင်ရန်အတွက် ဖိတ်ကြားပေးပါရန်

(ဂ)        မြန်မာလူမျိုးဖြစ်ပြီး ကမ္ဘာသိကျော်ကြားသည့် MMA Fighter Aung La Nsang အား မြန်မာပဲမျိုးစုံ စားသုံးခြင်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးနိုင်ရန် အတွက် ဖိတ်ကြားပေးရန်

(ဃ)      အောက်ပါ စကားဝိုင်းဆွေးနွေးပွဲများအတွက် ခေါင်းစဉ်အလိုက် ဆွေးနွေးပေးမည့် MPBSMA တာဝန်ခံများ၏ အမည်စာရင်းအား ရွေးချယ်ပေးရန် –

(၁)        Quota System Introduced by Govt of India since 2017, Advantages Vs Dis-advantages to Myanmar ?

၂၀၁၇ ခုနစ်မှ စတင် မိတ်ဆက်ခဲ့သည့် အိန္ဒိယ အစိုးရ၏ QUOTA စနစ်ကြောင့် မြန်မာ နိုင်ငံအား သက်ရောက်လာသည့်ကောင်းကျိုးဆိုးကျိုး။

(အထက်အပိုဒ် (ဃ-၁) ပါ ခေါင်းစဉ်အတွက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ကိုယ်စား (၄) ဦးမှ ဝင်ရောက်ဆွေးနွေး ပေးရမည် ဖြစ်၍ ဆွေးနွေးပေးမည့် တာဝန်ခံအား ရွေးချယ်ပေးရမည် ဖြစ်ပါသည်။)

(၂)         2021 Outlook of Beans & Pulses exports from Myanmar

၂၀၂၁ ခုနစ်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံတင်ပို့မှု၏လားရာ။

(အထက်အပိုဒ် (ဃ-၂) ပါ ခေါင်းစဉ်အတွက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ကိုယ်စား (၁) ဦးမှ ဝင်ရောက်ဆွေးနွေးပေးရမည် ဖြစ်၍ ဆွေးနွေးပေးမည့် တာဝန်ခံအား ရွေးချယ်ပေးရမည် ဖြစ်ပါသည်။)

(၃)        Contract Farming Feasibility Myanmar ?

မြန်မာနိုင်ငံတွင် Contract Farming ဖြစ်နိုင်ချေ။

(အထက်အပိုဒ် (ဃ-၃) ပါ ခေါင်းစဉ်အတွက် သမဝါယမဘဏ်မှ ကိုယ်စားလှယ် (၁) ဦးအပါ အဝင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းကိုယ်စား (၃) ဦးမှ ဝင်ရောက်ဆွေးနွေး‌ ပေးရမည် ဖြစ်၍ ဆွေးနွေးပေးမည့် တာဝန်ခံအား ရွေးချယ်ပေးရမည် ဖြစ်ပါသည်။)

(၄)        (1)        To Increase the production of Myanmar Farmers is better seeds management a way ahead ?

(၁)        မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု တိုးမြင့်ရန်အတွက် လယ်သမားများ၏ မျိုးစေ့ခန့်ခွဲမှု သည် ရှေ့သို့ရောက်နေပါသလား။

(2)        opportunities available for Value Addition /Modernisation of Agriculture in Myanmar /Protein Extraction from Pulses ?

(ခ)        မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်မှုရှိခြင်း/ တန်ဖိုးမြင့်တင်ရေးအတွက် အခွင့်အလမ်းများရှိပါသလား။ ပဲများမှ ပရိုတိန်းထုတ်လုပ်ခြင်းလုပ်ငန်းများ အ တွက် အခွင့်အလမ်းများ ရှိပါသလား။

(အထက်အပိုဒ် (ဃ-၄) ပါ ခေါင်းစဉ်အတွက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ကိုယ်စား (၂) ဦး ဝင်ရောက်ဆွေးနွေး‌ ပေးရမည်ဖြစ်၍ ဆွေးနွေးပေးမည့် တာဝန်ခံအား ရွေး ချယ်ပေးရမည် ဖြစ်ပါသည်။)

၃။        ၁၄-၁၂-၂၀၂၀ (တနင်္လာနေ့)အထိ ငွေစာရင်းရှင်းတမ်းအား တင်ပြ၍ အတည်ပြုချက် ရယူခြင်း။

၄။        အထွေထွေဆွေးနွေးခြင်း။

 

Documents