MPBSMA 24th Annual General Meeting

မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၏ ၂၄ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေးကို Pan Pacific Hotel တငွ် ၂၉.၁၂.၂၀၁၈ ရက်နေ့ (စနေနေ့)၊ ညနေ (၅) နာရီ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကျင်းပခဲ့ရာ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသဝန်ကြီးများ၊ အစိုးရလုပ်ငန်း ဌာနများမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတငွ်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ပညာရှင်များ၊ အလုပ်အမှုဆောင် အသစ်ရေးချွယ်တင်မြှောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖဲ့ွဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ အတငွ်းရေးမှူး များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်-အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းဝင် အသင်းသားများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။