Toor Whole

Description

ပဲစင်းငုံကို အင်္ဂလိပ်ဘာသာဖြင့် Pigeon pea, Toor whole, Red gram စသည်ဖြင့် ခေါ်ဆိုကြသည်။ ရုက္ခဗေဒ အမည်အားဖြင့် Cajanus cajan ဖြစ်သည်။ HS Code မှာ 0708.90 ဖြစ်သည်။

ပဲစင်းငုံသီးနှံမှာ ပြည်တွင်းစားသုံးမှု အလွန်နည်းပြီး ပြည်ပတင်ပို့မှုအတွက် အဓိကစိုက်ပျိုးသော ပဲအမျိုးအစား ဖြစ်သည်။ အရိုးအရွက်များကို ကျွဲနွားစာအဖြစ်လည်းကောင်း၊ ပင်စည်ရိုးတံကို ထင်းအဖြစ်လည်းကောင်း အသုံး ပြုကြသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတို့မှာ ပဲစင်းငုံ အများအပြား စိုက်ပျိုးသော တိုင်းဒေသကြီးများ ဖြစ် ကြပြီး မိုးသီးနှံအဖြစ် စိုက်ပျိုးကြသည်။ အခင်းလိုက် စိုက်ပျိုးသကဲ့သို့ အခြားသီးနှံများနှင့် အတန်းလိုက်ညှပ် စိုက် ပျိုးသည်များလည်းရှိသည်။ စုစုပေါင်း စိုက်ဧရိယာ ဧက ၁.၀၇ သန်းရှိပြီး အထွက်တင်းပေါင်း ၁၄ သန်းကျော် (တန် ချိန် ၄.၆၉ သိန်းခန့်) ထွက်ရှိသည်။

မြန်မာ့ပဲစင်းငုံကို တစ်နှစ်ပျမ်းမျှ တန်ချိန် ၂ သိန်းခန့် ပြည်ပသို့ တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခြင်းဖြစ် ပြီး ပါကစ္စတန်၊ စင်္ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့လည်း တင်ပို့သည်။ အလုံးလိုက်အပြင် အခွံချွတ်အခြမ်းအဖြစ်လည်း တင်ပို့သည်။

ကမ္ဘာပေါ်တွင် ပဲစင်းငုံ တင်ပို့မှု အများဆုံးနိုင်ငံများမှာ တန်ဇန်းနီးယား၊ ဆူဒန်၊ အိန္ဒိယ၊ မာလာဝီ၊ မိုဇမ်းဘစ်နှင့် မြန်မာ နိုင်ငံများ ဖြစ်ကြကာ တင်သွင်းမှု အများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ နီပေါ၊ ယူအေအီး၊ အမေရိကန်၊ ဇင်ဘာ ဘွေ စသည့်နိုင်ငံများ ပါဝင်ကြသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ပဲစင်းငုံမျိုးများအနက် – ‌ရေဆင်း-၃၊ ရေဆင်း-၁၀ စသောသက်လျင်မျိုးများ၊ ရေဆင်း – ၅၊ ‌ရေဆင်း-၉၊ ရွှေဒင်္ဂါး၊ ငါးဆံပဲ စသော သက်လတ်မျိုးများ၊ ရေဆင်း-၆၊ ရေဆင်း-၈၊ သူဌေးကန် စသော သက်ကြီး မျိုးများမှာ ထင်ရှားသည်။ ရောင်းဝယ်ရာတွင် ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူ စသည်ဖြင့် ခွဲခြား ရောင်းဝယ်ကြသည်။

မြန်မာ့ပဲစင်းငုံ FAQ (Fair Average Quality) နှင့် FQ (First Quality) တို့၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ် ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ FQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး) ၂.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၇.၀၀%(အများဆုံး) ၄.၀၀%(အများဆုံး)
ဆိုးရွားစွာ ပျက်စီး ၃.၀၀%(အများဆုံး) ၂.၀၀%(အများဆုံး)
အနည်းငယ် ပျက်စီး ၄.၀၀%(အများဆုံး) ၂.၀၀%(အများဆုံး)
(ဃ) အကျိုးအကြေ ၀.၅၀%(အများဆုံး) ၀.၅၀%(အများဆုံး)
(င) အခွံပါပဲစေ့ ၂.၀၀%(အများဆုံး) ၂.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး) ၁၄.၀၀%(အများဆုံး)

မြန်မာ့ပဲစင်းငုံ အခွံချွတ်အခြမ်း (Toor Whole Huskless Split) များအတွက် ယေဘုယျ စံချိန်စံညွှန်း သတ်မှတ် ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ အခြမ်းသေး အခြမ်းလတ် အခြမ်းကြီး
ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
ပိုးထိုးပဲစေ့ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
ထိခိုက်ပျက်စီးပဲစေ့ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
အကျိုးအကြေ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
အခွံပါပဲစေ့ ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး) ၁.၀၀%(အများဆုံး)
အစိုဓါတ် ၁၄.၀၀%(အများဆုံး) ၁၄.၀၀%(အများဆုံး) ၁၄.၀၀%(အများဆုံး)

Would like to know more?