MPBMSMA Notification about MOCHA Cyclone donation

MPBSMA Office

MOCHA Cyclone မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ထိခိုက်မှုများအားကူညီလှူဒါန်းပေးနိုင်ပါရန် ဖိတ်ခေါ်ခြင်း

ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ မေလ ( ၁၅ ) ရက်။

အသင်းဝင်ပို့ကုန်ကုမ္ပဏီများ…
၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ဦးတည်၍ တိုက်ခတ်သွားသော အလွန်အင်အားကြီး မားသည့် MOCHA Cyclone မုန်တိုင်းဒဏ်ကြောင့်

– စစ်တွေမြို့တွင် လူနေအိမ်ခြေ (၇၅%)
– ကျောက်တော်မြို့တွင် လူနေအိမ်‌ခြေ (၈၅%)
– မြောက်ဦးမြို့တွင် လူနေအိမ်ခြေ (၈၀%)
– ပေါက်တောမြို့တွင် လူနေအိမ်ခြေ (စာရင်းမသိရသေး)
– ရ‌‌သေ့တောင်မြို့တွင် လူနေအိမ်ခြေ (စာရင်းမသိရ‌သေး)
– မင်းပြားမြို့တွင် လူနေအိမ်ခြေ (စာရင်းမသိရသေး)
– ဘူးသီးတောင်မြို့တွင် လူနေအိမ်ခြေ (စာရင်းမသိရသေး)
– မောင်းတောမြို့တွင် လူနေအိမ်ခြေ (စာရင်းမသိရသေး)

ခန့်မှန်း လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကြားရှိနိုင်ကြောင်း၊ လတ်တလော အချိန်တွင် သာသနိက အဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများနှင့် လူနေအိမ်များတွင် အမိုးများ အချိန်နှင့်တစ်ပြေးညီ မိုးနိုင်ရန်အတွက် သွပ်မိုးများ အရေးတကြီး လိုအပ်နေကြောင်း၊ ၎င်းသွပ်မိုးများအား လှူဒါန်းပေးပါက အမှန်တကယ်လိုအပ်သည့် နေရာများသို့ စနစ်တကျ လှူဒါန်းပေးနိုင်ကြောင်းနှင့် လှူဒါန်းပေး သည့် မှတ်တမ်းများကိုလည်း ပြန်လည်ပေးအပ်ပေးမည်ဖြစ်ကြောင်း We Love Rekhine ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် (ယခင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များ ဥက္ကဋ္ဌ) မှ အသင်းထံ အကူအညီ တောင်းခံ ညှိနှိုင်းလာပါသည်။

MOCHA Cyclone မုန်တိုင်းသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တို့တွင် ဆက်လက် တိုက်ခတ်နေပြီး အပျက်အစီးများရှိကြောင်းလည်း ကြားသိနေရပါသည်။

လတ်တလော ရခိုင်ပြည်နယ်သို့ လှူဒါန်းမည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား ရေလမ်းဖြင့် အမြန်ဆုံးပေးပို့နိုင်ရန်အတွက် စုံစမ်းရာတွင် ကမ်းရိုးတန်းသွား သင်္ဘော MV.ချမ်းမြသာစည်သည် သာကေတ ဆိပ်ကမ်းတွင် ၁၇-၅-၂၀၂၃ တွင် ကုန်ပစ္စည်းများတင်ဆောင်၍ စစ်တွေသို့သွားရောက်မည်ဖြစ်ကြောင်း၊ အသင်းမှ လှူဒါန်းမည့် သွပ်ပြား များ၊ သွပ်ရိုက်သံများ ရှိပါကလည်း အခမဲ့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ပိုင်ရှင်ဦးဝင်းမြင့် (ဝင်းဖူးခိုင် ကုမ္ပဏီလီမိတက်)အား အသင်းမှ အကူအညီတောင်းခံ ညှိနှိုင်းပြီး ဖြစ်ပါသည်။

Royal A to Z Holdings Co., Ltd. မှလည်း (၇)ပေ သွပ်ပြားကို တစ်ပေလျှင် MMK 750/- အထူးရောင်းဈေးဖြင့် ရောင်းချပေးနိုင်ကြောင်း အသင်းထံ တင်ပြထားပါသည်။
သို့ဖြစ်ပါ၍ အသင်းဝင်ပို့ကုန်ကုမ္ပဏီများအနေဖြင့် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ အတွင်းရှိ သာသနိကအဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများနှင့် လူနေအိမ်များအတွက် အရေးတကြီး လိုအပ်နေသည့် အမိုးသွပ်ပြားများ အချိန်နှင့်တစ်ပြေးညီ ပေးပို့လှူဒါန်း နိုင်ရန်အတွက် သဒ္ဓါတတ်အားသရွေ့ ပါဝင်ကူညီလှူဒါန်းပေးနိုင်ပါရန် နှိုးဆော်အပ်ပါသည်။


မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း